ဘားအံ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၅) ရပ်ကွက်၊ ရာဘာခြံ (၄)လမ်းတွင် ယနေ့နံနက်(၈)နာရီခွဲ အချိန်ခန့်က (၁၀)ပေ၊ (၃၀)ပေ တစ်ထပ်ပျဉ်ထောင်၊ သွပ်မိုးအိမ်၏မီးဖိုချောင်ထမင်းပေါင်းအိုးမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ဘေးအိမ်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့ရာမှ စုစုပေါင်း အိမ်(၅)လုံးမီးလောင်ခဲ့ ခြင်းဖြစ်ကြောင်း မီးသတ် ဦးစီးဌာနမှသိရသည်။
အဆိုပါမီးလောင်ရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် နေပြည်သူများက ပူးပေါင်းကာ မီးသတ်ကား(၉)စီး၊ ရေသယ်ယာဉ်(၄)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်(၉)နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားရခြင်းမှာ (၁၀)ပေ၊ (၃၀)ပေ တစ်ထပ်ပျဉ်ထောင်၊ သွပ်မိုးအိမ် မီးဖိုချောင်တွင်ထမင်းချက်နေသည့် ထမင်းပေါင်းအိုး အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ရာမှ (၁၀)ပေ(၂၅)ပေ အုတ်ညှပ်(၂)ထပ်တစ်လုံး၊ (၁၀)ပေ ၊ (၂၅)ပေရှိ အုတ်ညှပ်(၂)ထပ်တစ်လုံး၊ (၁၀)ပေ(၂ဝ)ပေ ခြေတန်ရှည်ပျဉ်ထောင်၊ သွပ်မိုး(၁)ထပ်တစ်လုံး၊ (၁၀)ပေ(၂ဝ)ပေ ခြေတန်ရှည်ပျဉ်ထောင်၊ သွပ်မိုး(၁)ထပ်တစ်လုံး စုစုပေါင်း လူနေအိမ်(၅)လုံး၊ မီးကူးစက်လောင်ခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း နှင့်မီးပေါ့ဆသူ အိမ်ရှင်အား ဘားအံ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)