ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာနမှ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးနိုင်ရန် သစ်တော၊ သစ်ပင်နှင့် နှစ်ရှည် သီးပင်စားပင်များ ပျိုးထောင်ထားရှိ
၂၀၂၁ ခုနှစ်၊ မိုးရာသီကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့ ပတ်ဝန်းက ျင်၌ စိမ်းလန်းစိုပြေရေး၊ သစ်တော၊ သစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များအခမဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ကျောက်တ လုံးကြီး မြို့၊ သစ်တော ဦးစီးဌာန ပျိုးဥယျာဉ် တွင်ပျိုးပင်ပေါင်း (၂၈၀၀၀)ပင် ပျိုးထောင်ထားကြောင်းသိရ သည်။