ရေကြည်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိသော မြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားရှိသော မြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေး ဂိတ်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ(၅)သိန်းအား လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း အချိန်အထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၃၆၉ ဦးရှိပြီး မြို့နယ် ကုတင်-၁၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ Positive လူနာ ၁၁၂ ဦးရှိကာ သေဆုံးလူနာ ၁ ဦးနှင့် ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းသူ ၂၅၇ ဦးရှိပြီဖြစ်သည်။

ကျောင်းကုန်းမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ စည်းကမ်းသတ်မှတ်ချက်နှင့် ညီညွတ်စေရေး လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အိမ်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန် လိုက်လံစစ်ဆေးခဲ့ကြသည်။

၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်

၂၀၂၀ပြည့်နှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Zoom Online Meeting အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ် အမျိုးသမီး ကော်မတီဉက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများ၌ Mask Campaign ပြုလုပ်

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အတွင်း၌ Mask Campaign ပြုလုပ်ကာရပ်ကွက်အတွင်းရှိ ဈေးသူ၊ ဈေးသားများ၊ လမ်းသွားလမ်းလာများ၊ ကျေးရွာ အုပ်စုများအတွင်းရှိ လူစည်ကားရာနေရာများ၌ (Mask)များ၊ Face Shield များကို လိုက်လံဝေငှ ပေးခဲ့ကြကြောင်း သိရသည်။

ဖျာပုံမြို့ပေါ်ရှိဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး (Mask, Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုး ဦးဆောင်၍ ဖျာပုံမြို့ မြောက်ပိုင်းစျေးနှင့် လူစည်ကားရာနေရာများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုအဖြစ် (Mask Face Shield Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက ဖျာပုံမြို့ မြောက်ပိုင်စျေးတွင် ဆောင်ရွက်ကြသည်။

ပြင်စလူမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင် သွားလာကြရန် အတွက် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မြို့တွင်းလမ်းစုံများ၊ ကုန်စုံဆိုင်များ၊ စားသောက် ဆိုင်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဈေးကားများဖြင့် သား၊ ငါး၊ ဟင်းသီးဟင်း ရွက်များနှင့် စားသောက်ကုန် ပစ္စည်းများကို (၇)ကြိမ်မြောက်အဖြစ် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ် ဆတ်သော သား၊ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည် ရွယ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်က ရွာမအနောက်ရပ်ကွက်၊ စည်ပင်ရိပ်သာတွင် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေးခြင်းနှင့် အသိပညာပေး​ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုကို ယနေ့နံနက် ၇နာရီက မြို့မဈေးနှင့် မြို့အတွင်းရှိ အထင်ကရနေရာများတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to