မိုးညိုမြို့နယ်၌ သမဝါယမ မိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ထူးမြင့်နှင့် အဖွဲ့သည် ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်းရှိ "တက်လမ်း" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ ဦးဝင်းမြင့်၏ အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ ချမ်းအေးသာစံမြို့နယ် ချမ်းမြေ့မောင်

သာယာဝတီမြို့နယ်၊ အ.ထ.က (သုံးဆယ်)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

သာယာဝတီမြို့နယ်၊ အ.ထ.က (သုံးဆယ်)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ သာယာဝတီ ဩဂုတ် ၁၂ သာယာဝတီမိုး

တံတားဦးမြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မန္ထလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးသည့်လုပ်ငန်းခွင်သို့ ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဟားခါးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပြည်နယ်လူငယ်ရေးရာ ကော်မတီဝင်များ၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲများနှင့် အခြေခံပညာအဆင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအကြို ဉာဏစွမ်းရည်ပြိုင်ပွဲများစတင်ကျင်းပ

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအကြို ဉာဏစွမ်းရည်ပြိုင်ပွဲများစတင်ကျင်းပ ဒဂုံဆိပ်ကမ်း ဩဂုတ် ၁၂ ဦးစည်သူမောင်မောင်၊

ပေါင်းတည်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့‌ နေ့လယ် ၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ မိတ်ဆက်တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်  Biometric (UID) စနစ်ဖြင့် Smart Card ပြုလုပ်ဆောင်ရွက်ပေး

ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကေ့ာကရိတ်မြို့နယ် ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ ယာယီရုံးဖွင့်လှစ်ထားသည့် အလေးမအားကစားရုံတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

သာစည်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးသူအတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသောအမှတ်(၃) တန် ၁၂၀၀ ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်က မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ဖြူးမြို့နယ်၌ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလယ်ယာများအတွက် ကုန်ထုတ်လမ်းစတင်ဆောင်ရွက်နေမှုအား စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျီးမနိုးကျေးရွာအုပ်စုရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း လယ်ယာများအတွက် ကုန်ထုတ်လမ်းကျောက်ရောမြေခင်းခြင်း၊ ကွန်ကရစ်တံတား(၁)စင်းနှင့် Pipe Culvert ရေပြွန်(၁)စင်းတည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သြဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to