ပုသိမ်ကြီးမြို့နယ်တွင် အခွန်ပညာပေး ဆွေးနွေးပွဲကျင်းပ

ပုသိမ်ကြီး ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ် ၁၂ ရက်က မြို့နယ်အခွန်ဦးစီးမှူးရုံး၌ ကျင်းပသည်။

အဆိုပါ အခွန်ပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းကျော်က ပြည်တွင်း အခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးရမည့် အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့်စားသုံးသူပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ အခွန်အကြောင်းသိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွင်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် တည်ဆဲအခွန်များ ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အခွန်ဦးစီးဌာနမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်ပြန်/ဆက်