ရန်ကုန် သြဂုတ် ၁၃
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းကြီးကြပ်၍ ဆရာ/ဆရာမများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို သြဂုတ် ၁၁ ရက်နေ့ ညနေပိုင်းက အ.ထ.က မြို့ဟောင်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အသိပညာပေးဟောပြောရာ သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများအကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှုပ် ရှင်း၊ မှုတ် စကားလုံးများအား အဓိပ္ပါယ်ရှင်းလင်းပြောကြားကာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံး၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် ရှင်းလင်းပြောကြားခြင်း၊ ငှက်ဖျားရောဂါအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သံချဆေးများ၊ ဗီတာမင်အေများ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ