ဝါးခယ်မ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက် ၈ နာရီက ကျုံမငေးမြို့ မြို့ဝင် စစ်ဆေးဂိတ်မှ တာဝန်ရှိသူ များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။