ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းများ နှုတ်သိမ်းအထွက် နှုန်းကောင်း ဈေးနှုန်းကောင်းရန်မျှော်လင့်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းခေါ်စမုံနက်နှမ်းများစတင် နှုတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းပြီးဈေးနှုန်းကောင်းရန် မျှော်လင့်နေရကြောင်း ညောင်ဦးမြို့နယ် တောင်ရှေ့ကျေးရွာ ဆောင်းနှမ်းနက်ခေါ ်စမုံနက်နှမ်းစိုက် တောင်သူ ဦးဝင်းတင်ကပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းအား ပြည်သူများလိုက်နာ ဆောင်ရွက် နိုင်ရန် ဗီနိုင်းများနှင့်အသိပေးကြေညာ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ကိုင်းမြို့နယ်အား ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွား မှုထိန်းချုပ်နိုင်ရန်အတွက် ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းကို စစ်ကိုင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏အစီအစဉ်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်ရန်အတွက် ဒီဇင်ဘာ(၁၃)ရက်နံနက်ပိုင်းက မြို့နယ်အတွင်း ပြည်သူအများသိရှိနိုင်သည့်နေရာများတွင် အသိပညာပေးဗီနိုင်းများကို ချိတ်ဆွဲကပ်ထားပေးခဲ့ ကြကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး Mask Campaign အဖြစ် နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး Mask Campaignအဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းလုပ်ငန်းနှင့်

ကျောက်တန်းမြို့နယ် ကြံပင်ကျေးရွာ၌ (၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ရန် ပန္နက်တင်ခြင်း မင်္ဂလာဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကြံပင်ကျေးရွာ၌ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ရန် ပန္နက်တင်ခြင်းမင်္ဂလာကို ယနေ့နံနက် ၉ နာရီက အဆိုပါ ရေစင်တည်ဆောက် မည့်နေရာ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းအား ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော နေရာများသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှူ့ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံများနှင့် အလှူငွေတို့ကို လာရောက်လှူဒါန်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၁၀ နာရီက PPEဝတ်စုံများနှင့် အလှူငွေတို့ကို လာရောက် လှူဒါန်းကြောင်း သိရသည်။

ဖနုံ-ကျွဲခြံ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်​နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ်တွင် ​ ​ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်​ရေး လွယ်ကူ​ချော​မွေ့​စေရန်အတွက် ​ကျေးလက်​လမ်း ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ အ​ကောင်ထည်​ဖော်​ဆောင်ရွက် လျက်ရှိ​သည့် ဖနုံ-ကျွဲခြံ ကျေးရွာချင်းဆက် လမ်းအား ကတ္တရာခင်းခြင်း လုပ်ငန်းများ​ ဆောင်ရွက်​နေမှုကို ပြည်နယ် လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်ခင်မျိုးမြင့်၊​ ကျေးလက်လမ်း ဦးစီးအရာရှိ​ ဒေါ်​ဆွေ​​ဆွေနွယ် (မြို့ပြ)နှင့် တာဝန်ရှိသူများက ယမန်​နေ့ ည​နေပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်​ဆေးခဲ့​ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာတွင် ဧရာ၀တီမြစ်အတွင်းမှ ရှေးဟောင်း ရွှေထည်ပစ္စည်းများတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာတွင် ဒေသခံတစ်ဦးမှရွာ၏ အနောက်ဘက် ဧရာ၀တီမြစ်အတွင်းသို့‌ ရေဆင်းချိုးရာမှ ရွှေထည်ပစ္စည်းမျိုးစုံကို တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ပန်-နန်းခလဲ-စစ်ကိုင်းစုလမ်းနှင့် ဘုရားကြီးကျေးရွာ ဆက်သွယ်သည့် ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ အထွေထွေပိုလျံ ရန်ပုံငွေ ဘတ်ဂျတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လက်ပန်-နန်းခလဲ-စစ်ကိုင်းစုလမ်း နှင့် ဘုရားကြီး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးမိခင်များအား နိုင်ငံ‌‌တော်မှ ထောက်ပံ့ငွေများကို မိမိဖုန်းများဖြင့် အဆင်ပြေထုတ်ယူနိုင်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် ၁၁ နာရီက ပုသိမ်အခြေစိုက် လူငယ်ရေးရာ ကော်မတီနှင့် Mobilizing Myanmar တို့မှပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များ၏ မိခင်များအား နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို မိမိတို့၏ ဖုန်းများမှ တစ်ဆင့် အဆင်ပြေပြေ ထုတ်ယူနိုင်ရန်အတွက် WAVE Pay နှင့် AYA Pay အကောင့်များ ဖွင့်ပေးခြင်း၊ အသိပညာများ ကူညီပံ့ပိုးပေးခြင်း လုပ်ငန်းတို့ကို လိုက်လံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Subscribe to