မြို့ဝင်မြို့ထွက်ရှိ စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ မဖြစ်ပွားစေရေး ကျန်းမာရေးစစ်ဆေးမှုများ အရှိန် အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်

 

ကျိုင်းတောင်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ဝင်မြို့ထွက်ရှိ စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့သို့ အဝင်အထွက် သွားလာနေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပေါ်တွင် စီးနင်း လိုက်ပါလာသော ရပ်နီးရပ်ဝေး ခရီးသွားပြည်သူများကို ခရီးသွားရာဇဝင်အချက်အလက်များ ကောက်ယူမှတ်သားမှုထားခြင်း၊  သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ထောက်ခံချက်များ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း ၊ လက်သန့် ဆေးရည်ဖြင့် လက်သန့်စင်မှုပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ဒေသများမှ ရောက်ရှိလာသည့် ခရီးသွားပြည်သူများကို Facility Quarantine Center၌ Quarantine ဝင်ရောက်စေခြင်း စသည့်လုပ်ငန်းများကို နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် ကျန်းမာရေးဌာန တို့ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီထိ အလှည့်ကျ တာဝန် ချစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သီဟထွန်း (ပြန်/ဆက်)