မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန် နေ့ ညနေပိုင်းအချိန်က မင်းဘူးမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့တွင် စစ်ဆေးရေးဂိတ် (၇)ခုဖြင့် သတ်မှတ်ခွင့်ပြုကတ်ပြားများ စိစစ်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် စည်းကမ်းလိုက်နာစေရန်၊ မြို့နယ် ကိုဗစ်ကော်မတီနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများက သတ်မှတ်စည်ကမ်းများထုတ်ပြန် ထားသော်လည်း ပြည်သူများ စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့်ဒီဇင်ဘာလ (၁၁)ရက်နေ့မှ စတင်၍ စစ်ဆေးရေးဂိတ် (၇) ခုနှင့် မိုဘိုင်းလှည့်လည်စိစစ်ရေးအဖွဲ့(၃)ဖွဲ့ဖြင့် သတ်မှတ်နေများတွင် ယမန်နေ့နံနက် (၆)နာရီမှ ည(၁၀) နာရီ အတွင်း စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

နှလုံးသာပရဟိတ (သီပေါ)အဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် အဘိုးအဘွားများအတွက် စားသောက်ကုန် (၈)မျိုးနှင့် စောင်များအား ယမန်နေ့မွန်းလွဲပိုင်း က နှလုံးသာပရဟိတ (သီပေါ)အဖွဲ့မှ တစ်အိမ်တက်ဆင်း သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြသည်။

လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လှည်းထောက်ကွင်း ကျေးရွာအုပ်စု၊ လှည်းထောက်ကွင်းကျေးရွာ စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျေးရွာနေပြည်သူများအတွက် ကောက်ရိုးမှိုစိုက်ပျိုးခြင်း အဆင့်ဆင့် လက်တွေ့သရုပ်ပြ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ မိမိခြံဝင်း အတွင်း စိုက်ပျိုး၍ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကောက်ရိုးမှို စိုက်ပျိုးခြင်း အဆင့်ဆင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သွား/လာ​ရေးအဆင်​ပြေ​စေရန် ပတ်​ကျောရွာ​လေးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် ပတ်​ကျောကျေးရွာ အုပ်စု ​ပတ်​ကျောရွာ​လေးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း (အရှည် ၈၀၀ ပေ x အကျယ် ၁၄ ပေ x ထု ၆ လက်မ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၁၃၃၀၀၀၀၀) ကျပ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။

ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းသို့ စက်သုံးဆီဝယ်ယူရန်အတွက် အလှူငွေလှူဒါန်း

ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းသို့ စက်သုံးဆီဝယ်ယူရန်အတွက် အလှူငွေလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊၂၃/Gလမ်း၊ နဘဲကြူးရပ်ရှိ၊ စောခင်ဌေး ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်သည်။

မိုင်းလုံမြို့ ဆုတောင်းပြည့်ကျောင်း၏ (၇၄) ကြိမ်မြောက်ကထိန်တွင် ဆွမ်း၊ သင်္ကန်းနှင့် ငွေပဒေသာ ပင်များ ဆပ်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဆုတောင်းပြည့် ဘုန်းတော်ကြီး ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က (၇၄)ကြိမ်မြောက် ဆွမ်း၊ သင်္ကန်းနှင့် ငွေပဒေသာပင် စုစုပေါင်း ကျပ် (၂၆၄၀၀၀၀/-) တန်ဖိုးရှိ ကထိန် လှူဒါန်းပွဲကို အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

မိုင်းတုံမြို့၌ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ၂၀၂၀ -၂၀၂၁ ဘဏ္ဏာရေးနှစ် ကျေးရွာ ချင်းဆက်မြေသားလမ်းဖောက်လုပ်မှုအား တာဝန်ရှိသူတို့က ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၁၉)ဦးထပ်မံဝင်ရောက်

တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၁၉)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
Subscribe to