လေးမျက်နှာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းဆောင်ရွက်

လေးမျက်နှာ  ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သခွတ်ချောင်း ကျေးရွာအုပ်စု၊ ကျွန်းတဲကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက မြစိမ်းရောင် စီမံကိန်း ကော်မတီ၀င်များမှ ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ရွေးချယ်ထားသော ကျေးရွာမြစိမ်းရောင် ကော်မတီ၀င်(၇)ဦးအား ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)