သထုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ မူဆာတန်း အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေး‌ဟောပြောခြင်း စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဩဂုတ်လ(၁၄)ရက်နေ့မွန်းလွဲပိုင်းက ဂျပန်နိုင်ငံအခြေစိုက် AEON Co.,Ltd မှ ငလျင်ဘေးသင့် ဒေသများသို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းနှင့်အဖွဲ့အား  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၇)နာရီက ကျင်းပသည်။

ပင်လုံမြို့၌ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အခြေခံပညာမူလတန်းလွန်ကျောင်း(ကျူရုံးကျေး)၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ပါသည်။

မက်မန်းမြို့တွင် ရာဂီမုန်တိုင်းကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်းကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့က မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ၂၀၂၄ ခုနှစ် သဘာဝဘေးကြောင့် ရေကြီးနစ်မြှုပ်ခဲ့သော လယ်မြေများအနက် ကျန်ရှိသော လယ်ဧက ၆၂၉ ဧကအတွက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သက်သာသောဈေးနှုန်းများဖြင့် ဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းဘူးမြို့၌ မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးဆောင်ရွက်သည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးအခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်၌ မြို့မဈေးကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ  ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to