နတ်မောက်မြို့၌ နွေစပါးများရိတ်သိမ်းပြီး၍ မိုးစပါးစိုက်ပျိုးရန် လယ်ထွန်စက်များဖြင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးတောင်သူများသည် စပါးကို နွေသီး၊ မိုးသီးဟူ၍ ရာသီဥတုနှင့်ကိုက်ညီသည့် စပါးမျိုးများစိုက်ပျိုးကြရာ မတ်လမှစတင်၍ စိုက်ပျိုးခဲ့သည့် နွေစပါးများအားလုံး ရိတ်သိမ်းပြီး၍ မိုးစပါးစိုက်ပျိုးရန် လယ်ထွန်စက်များဖြင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

မိုင်းတုံမြို့၌ နမ့်တုံချောင်း(ဟောင်း)ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံ​မြို့ရှိ နမ့်တုံ​ချောင်း(ဟောင်း)သည် ချောင်းရေအတက်အကျနှင့် မိုးရေများကြောင့် သဲများ၊ နုန်းမြေများ ပို့ချခြင်းနှင့် အမှိုက်များစွန့်ပစ်ခြင်းကြောင့် တိမ်ကောလာလျက်ရှိရာ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်လမ်းတံတားနှင့် ဆည်မြောင်းအဖွဲ့က  ဘက်ဟိုး(မြေတူးယာဉ်)ဖြင့် ဩဂုတ်လ ၁၃ ရက်နေ့က စတင်တူးဖော်လျက်ရှိသည်။  

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မွေးမြူရေး၊ မျိုးသန့်ထုတ်လုပ်မှုနှင့် မိုးစပါးစိုက်ခင်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် တဲမြင့်ကျေးရွာအုပ်စု၊ ပေတောကျေးရွာအနီး၊ အသားတိုးကြက်မွေးမြူရေးခြံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးထိုက်က အသားတိုးကြက်မွေးမြူရေးနှင့်ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း အရိပ်ရသစ်ပင်စိုက်ပျိုးမှု၊ စာကြည့်တိုက်နှင့် ခရီးသွားဖော်ဆောင်ရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အရိပ်ရသစ်ပင်စိုက်ပျိုးမှု၊ စာကြည့်တိုက်များ၊ ခရီးသွားဖော်ဆောင်ရေးကြည့်ရှုခဲ့ရာ တပ်ကုန်း -ဥတ္တရသီရိမြို့နှင့်ဆက်သွယ်ထားသော ကွန်ကရစ်လမ်းဘေး၌ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်စိုက်ပျိုးသည့် အရိပ်ရ ကုက္ကိုပင် ၅၀ ပင် စိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့သည်။

မိုင်းယုမြို့၌ နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ပေါ်၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့ရှိ ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် ရာသီပေါ် နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ထွက်ရှိကာ ခူးဆွတ်ရောင်းချရာမှ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်​ဆေးဘူးများနှင့် ရေစိုအဝတ်များအသုံးပြု၍ မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့က SLM ကိုယ်ပိုင်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။

စလင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုနယ် တောစိမ့်ကျေးရွာအုပ်စု တပ်တွင်းအခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အဆိုပါကျောင်းရှိ ဟောပြောပွဲခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၁၃ ရက် နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဌာနတွင်းမွမ်းမံသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများတာဝန်ထမ်းဆောင်ရာ၌ စွမ်ဆောင်ရည်မြင့်မားစေရန်နှင့် ဌာနမှချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ ၊ လုပ်ထုံး လုပ်နည်းများ၊ မူဝါဒ၊ မဟာဗျူဟာများ သိရှိနားလည်စေရန် ရည်ရွယ်၍  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဌာနတွင်းမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to