ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပြည်သူများထံ အသိပေးရှင်းလင်း
မယ်စဲ့ ဇန်နဝါရီ ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း ၁၀၀၀ ဖြင့် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများထံ အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ ည ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။