နတ်တလင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
နတ်တလင်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာန မြို့နယ်တွဲလက်များအဖွဲ့ စာပေချစ်မြတ်နိုးသူများ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော နတ်တလင်းမြို့ ကလေးစာပေပွဲတော် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်-ပြည်လမ်းရှိမြို့နယ် အထက်တန်းကျောင်း တွင် ဇန်နဝါရီ (၁၁) ရက်နေ့ နံနက်(၈) နာရီမှ ညနေ (၅) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။