၂၀၁၉-၂၀၂၀ ပညာသင်နှစ် (အ.မ.က) အလယ်ချောင်းအောက်ကျေးရွာတွင် ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
လိပ်သို ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ လိပ်သိုမြို့ အလယ်ချောင်းအောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ (၉) နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ သံတောင်ကြီးမြို့နယ် လက်ထောက်ပညာရေးမှူး ဒေါ်အေးခိုင်ခိုင်ဆွေ၊ အလယ် ချောင်းအထက်ကျေးရွာ အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြစန်းသီတာ၊ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဇော်ဝမ်းတို့က အမှာစကားများ အသီးသီးပြောကြားပေးပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်နိုင်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။