အမာမြို့ ဂေါ်ဒူကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် လူနေအိမ်(၁၀) လုံး ပြိုကျပျက်စီး
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှ စတင်၍ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ လူနေအိမ် (၁၀)လုံးခန့်ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။