လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ လမ်းကွန်ကရစ်ခင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အလယ်ကျေးရွာ (အလယ်ရွာလေး မြေတိုင်း−၂၂)ရှိ ထရန်စဖော်မာလမ်း၊ ဂန္ဓမာလမ်းများတွင် မိုးတွင်းကာလ သွာလာရေးအဆင်ပြေစေရန်နှင့် ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန် လမ်းကွန်ကရစ်ခင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ရပ်/ကျေး အလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်းဒေသ ကြီးအစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် (၂၀၁၉၂၀၂၀) တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အလယ်ကျေးရွာ (အလယ်ရွာလေး မြေတိုင်း−၂၂) ရှိ ထရန်စဖော်မာလမ်းနှင့် ဂန္ဓမာလမ်းများတွင် လမ်းကွန်ကရစ် ခင်း အဆင့်မြှင့်ဆောင်ရွက်ရန် အတွက် မြေသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)