ကျုံပျော်၌ ကိုဗစ် - ၁၉ ၏ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်အရ ကျွဲ၊ နွားမွေးမြူ ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်
ကိုဗစ် - ၁၉ ကန့်သတ်ကာလ ဖြေလျှော့မှုများတွင် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ် -၁၉ ၏ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)အရ ဖွင့်လှစ်သော ကျွဲနွားမွေးမြူထုတ်လုပ်ခြင်း သင်တန်းကို ကျုံပျော်မြို့နယ်၊ ဒိုက်ပျက်အုပ်စု၊ ကွင်းပြားကျေးရွာ၌ ယမန်နေ့တွင် အသိပညာဆောင်ရွက်ခဲ့ကြောင်းသိရသည်။