သီပေါတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) ၊ လူငယ်အသင်း ( Youth Club) တို့ပူးပေါင်း၍စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေး ဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်အမည်စာရင်းများကို သြဂုတ်လ ၇ ရက်နေ့မတိုင်မီထိ လာရောက်ကြည့်ရှုကြ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူများ မဲဆန္ဒရှင်အမည်စာရင်းများကို သြဂုတ်လ ၇ ရက်နေ့မတိုင်မီထိ လာရောက်ကြည့်ရှု၍ရကြောင်း သိရသည်။

ပန်နန်းဒင်မြို့၌ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ရုံး၀န်ထမ်းများ အခြေခံကွန်ပျူတာ တတ်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်း(၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်နန်းဒင်မြို့ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည်။

ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်

ကော့သောင်းခရိုင်အတွင်း ယခုလပထမပတ်အတွင်းက ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ အိမ်ထောင်စုများအား ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းများ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၉)ဉီး အား ဓာတ်ခွဲနမူနာများ ရယူ

တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၉)ဉီးအား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွား အလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ခေတ္တထားရှိ၍ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိ / မရှိ ဓာတ်ခွဲ စစ်ဆေး နိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကုသရေးဉီးစီးဌာနမှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အားရယူခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်တိုင်း Mask တပ်သည့် အလေ့အကျင့်ရှိစေရေး ကြပ်မတ် စစ်ဆေးပညာပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်သည့်အလေ့အကျင့် ရှိစေရေး ကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို မြို့နယ်အတွင်း လူစည်ကား ရာနေရာများတွင် မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာအတွင်းလမ်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ရန် ငွေကျပ်သိန်း (၁၀၀) ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆူးလေကုန်ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက ငွေကျပ်သိန်း (၁၀၀) အား ဦးကျော်သိန်းနှင့် သားဦးအောင်ကျော်မိုး၊ မွေးမြူရေးလုပ်ငန်း၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့မှ ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းလွင်ဦးက အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လက်ခံရယူခဲ့ကြောင်း သိရသည်။

တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်တွင် အပန်း‌ဖြေလည်ပတ်သူများစည်ကား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်တွင် အပန်း‌ဖြေ လည်ပတ်သူများနှင့်စည်ကားလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်ပြိုလဲကာ စာသင်ကျောင်းနှင့် နေအိမ်တစ်ချို့ပျက်စီး

ကော့သောင်းမြို့တွင် သြဂုတ်လ ၄ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ မြို့ပေါ် ရပ်ကွက်ရှိ စာသင်ကျောင်း၊ တရားစခန်းရိပ်သာနှင့် လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
Subscribe to