မုံရွာမြို့တွင် မန္တလေးငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်

မုံရွာ ဩဂုတ် ၂၁

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှမန္တလေးငလျင်သင့် အာမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄ဝ ရာခိုင်နှုန်း အကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လည် (၁) နာရီက မုံရွာမြို့ မြသလ္လာခန်းမ၌ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်နှင့်အဖွဲ့ဝင်များ၊ လူမှုဖူလုံရေးအဖွဲ့မှတာဝန်ရှိသူများနှင့် မုံရွာမြို့နယ်အတွင်းရှိ အလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်များတက်ရောက်ကြသည်။

အခမ်းအနားတွင် စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်ထံသို့ အာမခံအလုပ်သမား (၁၃၁၅) ဦးအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၁၂၁.၈၂၁) သန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်ကေသီခိုင်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အကြောင်းရှင်းလင်းပြောကြားပြီး အာမခံအလုပ်သမားများကိုယ်စား ရေအရင်းမြစ်အသုံးချရေးဦးစီးဌာန AE ဦးသိန်းဇော်မြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)