လသာ ဩဂုတ် ၁၉
ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၌ ယမန်နေ့နံနက်ပိုင်းအချိန်က အာဟာရရက်သတ္တပတ်အလိုက် ကလေးငယ်များနှင့် မိခင်များအတွက် အာဟာရစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများတွင် သံချဆေးနှင့် ဗီတာမင် A တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ပြီး ကလေးငယ်များတွင် သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့မှုများ ဖြစ်ပွားမှုမရှိစေရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်များ၏ ကိုယ်ခန္ဓာတိုးတက်မှုအခြေအနေကို တိုင်းတာရန် MUAC တိုင်းခြင်းများဆောင်ရွက်ခဲ့ပြီး အာဟာရချို့တဲ့မှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)