သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်များအား ဆေးဖြန်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် သြဂုတ် ၁၉

သန်လျင်ခရိုင် သန်လျင်မြို့နယ် သောက်တော်တွင်းရပ်ကွက်၊ ပဒုမ္မာလမ်း၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်၌ ဆေးဖြန့်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသည့် နေအိမ်များနှင့် နေအိမ်ဝန်းကျင်တို့၌ ခြင်ဆေးဖြန့်ခြင်း၊ ရေတွင်း၊ ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့် နေရာများ၌ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ