တာချီလိတ်မြို၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

တာချီလိတ် ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်းက အမျိုးသမီးများယဉ်ကျေးမှုဆိုင်ရာအပြုအမူများနှင့် ကျင့်ဝတ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းမှုဆိုင်ရာများကိုလည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းအရာများကို လည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေးမှူး ဒေါ်အိအိမွန်က တိုင်းရင်းဆေးပညာနှင့် ကုသရေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန မြို့နယ်သူနာပြုအဆင့် (၁) ဒေါ်နန်းခမ်းလှနှင့် ကျန်းမာရေးဆရာမ ဒေါ်ကျူကျူသင်းတို့က သားဆက်ခြားခြင်းနှင့် ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း နောက်ဆက်တွဲအကျိုးဆက်များကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေးနှင့် တာဝန်ရှိသူများက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၈) မှ သင်တန်းသူများ စက်ချုပ်သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ သင်တန်းသူလေးများအား ရှမ်းခေါက်ဆွဲချက်နည်းသင်တန်းကို လက်တွေ့သင်ကြားပို့ပြသပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)