စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၀)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ရုံးလုပ်ငန်းအရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရည်အသွေးများ တိုးတက်မြင့်မားလာပြီး ဝန်ကြီးဌာန၏ရည်မှန်းချက်၊ ဦးစီးဌာန၏လုပ်ငန်းလျာထားချက်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) သင်တန်းကျောင်း၌ ကျင်းပသည်။

ဟိုပင်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့သစ်ကလေးကျေးရွာ ဇေတဝန်ကျောင်းတိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ မြို့သစ်ကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလင်းဇော်က အမှာစကား ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

သီပေါမြို့နယ်၊ ကျေးရွာအုပ်စုများရှိ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် လျှပ်စစ်မီး သွယ်တန်းထားရှိမှုအား ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် လျှပ်စစ်မီး သွယ်တန်းထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသာရှင်များ ပူးပေါင်း၍ လူအများ ပူးပေါင်းကာ စုပေါင်းဆွေးနွေးတတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် စာအုပ်စာပေ၏ အကျိုးကျေးဇူးကို ရစေလိုသော ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကျောက်တန်းမြို့၌ စာပေဟောပြောပွဲကျင်းပမည်

အနာဂတ်၏မျိုးဆက်သစ်လူငယ်များ စာပေကိုစိတ်ဝင်စားလာစေရန်နှင့် စာပေတန်ဖိုးကို သိရှိ နားလည်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေပြည်သာကွက်သစ် (သီလဝါ) ၌ ကျေးရွာစာကြည့်တိုက် ဖြစ်မြောက်ရေး အထိမ်းအမှတ် စာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၉ ရက် ညနေ ၅ နာရီတွင် ရွှေပြည်သာကွက်သစ်ဓမ္မာရုံ၊ သီလဝါကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူကြိုကျောင်းများသို့ သင်ထောက်ကူ ပစ္စည်းများဖြည့်တင်းရန် နှင့်ဆရာမများ အတွက် စုစုပေါင်းငွေကျပ်သိန်း(၁၀၀၀)ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနအသိမှတ်ပြု မူကြိုကျောင်းများသို့ သင်ထောက်ကူ ပစ္စည်း ဖြည့်တင်းရန်နှင့် သင်ကြားရေး ဆရာမများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီက နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ဆံဖြူခင် ကျေးရွာသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

သိမ်းဆည်းမြေ (၈.၈၆၁)ဧကအား မူလမြေပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမတွင် ရွှေနဂါးမင်း ကုမ္ပဏီမှ စွန့်လွှတ်မြေများကို မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်စု အုပ်ချုပ်ရေးမှူး များ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to