မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

သာယာဝတီမြို့၌ ပြည်သူ့စကားဝိုင်း(Public Talk)ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk)ကို သာယာဝတီ မြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု လှည်းလမ်းကူး ကျေးရွာ နိဂြောဓာရုံကျောင်းတိုက် ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်သည်။

စစ်ကိုင်းမြို့ကုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ စုပေါင်းသွေးလှူဒါန်း

စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စုပေါင်း သွေးလှူဒါန်း ခဲ့ကြသည်။

သဲကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ၊ ချောင်းနားဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်း၊ ဆည်မြောင်းနှင့်ရေ အသုံးချရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မြင့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနဦးစီးအရာရှိ ဦးကြင်ထွန်း၊ ဒုလ၀ကမှူး ဦး၀င်းတင်၊ ကျေးလက်လမ်းဦးစီးဌာန SAE ဒေါ်တင်ဇာ၀င်း၊ လူထုဗဟိုပြုစီမံကိန်း (CDD)နည်းပညာအကြံပေး ဦးအောင်ကျော်ဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်းအား မြို့နယ်ပညာရေး မိသားစုမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်းမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၂၃၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅၆၇၇)ဦးတို့အား၊ ပဲနို့အာဟာရ ခွက်ရေ (၈၄၇၂၃၀)ခွက် တိုက်ကျွေးပေးနိုင်ခဲ့မှုအတွက်၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစုမှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၁) အ.ထ.က စကားဝါခမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိူင်းတုံ၌ အမျိုးသမီးများအတွက် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် (Women Club))၏ အမျိုးသမီးများ အတွက် ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

မိုးနဲမြို့၌ နှစ်ရှည်မြို့ မြေငှားဂရန် ဒုတိယအကြိမ်ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့မြေတိုင်းတာရေး စီမံချက်အရ ပေါ့မိုင်းရပ်ကွက် အကွက် အမှတ် (၁၃)တွင် မြေယာပိုင်ဆိုင်မှု စာရင်းကောက်ယူခဲ့ပြီး နှစ်ရှည်မြို့ မြေငှားဂရန် ဒုတိယအကြိမ်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ပေါ့မိုင်းရပ်ကွက် မဟာသုခချမ်းသာကြီး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ လင်းခေးခရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာမူဝါဒ မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် လူငယ်အသိပညာပေး စကားဝိုင်းကျင်းပ

မန္တလေးခရိုင် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ကျင်းပသော လူငယ်ရေးရာမူဝါဒ မဟာဗျူဟာမိတ်ဆက် ရှင်းလင်းခြင်းနှင့် လူငယ်အသိပညာပေး စကားဝိုင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ငံရိုးကျေးရွာ သာသနာပြုကျောင်း၌ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဒီးမော့ဆိုမြို့နယ် ငံရိုးကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ငံရိုးသာသနာပြုကျောင်း ဒက္ခိဏာရာမ ဓမ္မာရုံအတွင်း၌ ပထမအကြိမ် ကျင်းပပြုလုပ်သော အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

ကလောမြို့နယ်၌ ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် One State One Township Project ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to