နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ရုံးလုပ်ငန်းအရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရည်အသွေးများ တိုးတက်မြင့်မားလာပြီး ဝန်ကြီးဌာန၏ရည်မှန်းချက်၊ ဦးစီးဌာန၏လုပ်ငန်းလျာထားချက်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) သင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် က သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသား ခေါင်းဆောင်ထံ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အသီးသီးမှ သင်တန်းသား/ သင်တန်းသူ(၃၅)ဦးတို့ တက်ရောက်ကြပြီး ဖေဖော်ဝါရီလ(၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ သင်ကြားပို့ချပေး ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)