ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး စနေနေ့တိုင်း ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်အတွက်၊ ဌာဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ရာ မြို့သစ်မြို့ စီမံကိန်းရုံးရှေ့ တောင်တွင်းကြီး မြို့သစ်ကားလမ်းတစ်လျှောက်ရှိ ခြုံနွယ်များနှင့် အမှိုက်များကို ဝန်ထမ်းအင်အား (၁၅၀)ဦးခန့်ဖြင့် စုပေါင်းကောက်ယူ သိမ်းဆည်းကြပြီး စည်ပင်သာယာရေး အဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် သတ်မှတ်နေရာသို့ အရောက်ပို့ဆောင် ခဲ့ကြသည်။