ကျိုက်မရောမြို့နယ်၌ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအတွက် အလှူငွေများပေးအပ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်က အ.ထ.က(ခွဲ)ကျိုက်မရောကျောင်းခန်းမ၌ ပြုလုပ်သည်။