လိပ်သိုမြို့ သောက်ရေခပ်ကျေးရွာ အ.ထ.က၌ ပညာရေးစုံညီပွဲတော်ကျင်းပ

လိပ်သို   ဇန်နဝါရီ     ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ သောက်ရေခပ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ သူများက မြန်မာ့ကျောင်း သီချင်းသီဆို၍ ဖွင့်လှစ်သည်။

ထီးတပလူးထကျေးရွာတွင်နယ်လှည့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကွင်းဆင်း‌ ဆောင်ရွက်

ရှမ်းရွာသစ်     ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကျောင်းသား/သူများကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာများသိရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးများ အကြောင်းအသိပညာ ဗဟုသုတ ရရှိစေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ထီးတပလူးထကျေးရွာ အ.မ.ကကျောင်းတွင် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲနှင့် အတူအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ရမည်းသင်း ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရမည်းသင်းမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

သန်လျင်၌ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော အားကစားခန်းမသစ် ဖွင့်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုရီးယားနိုင်ငံ SeokSung Scholarship Foundation မှ လှူဒါန်းသော အားကစားခန်းမသစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ မိုဘိုင်းလ်ဖုန်း အသိပညာပေးဟောပြောခြင်းနှင့်ဆွေးနွေးပွဲ တာချီလိတ်တွင် ကျင်းပပြုလုပ်

တာချီလိတ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ အသိပညာပေးဟောပြောခြင်းနှင့် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် MPT ရုံးချုပ်မှ ဒုတိယအထွေထွေ မန်နေဂျာ တို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များရှင်သန်ရေး ကွင်းဆင်းဆောင်ရွက်

ကျောက်တန်း   ဇန်နဝါရီ ၁၁

ကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီးစာပေကိုချစ်မြတ်နိုးလာစေရန်နှင့် ကျေးရွာစာကြည့်တိုက် များ ရေရှည်ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီက ဘော်ဂလွတ်ကျေးရွာ၊ ချောင်းဝကျေးရွာနှင့် မီးပြကျေးရွာရှိ စာကြည့်တိုက်များသို့ သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။

တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဆုနှင်းပွဲနှင့် စာပေဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၁၁

နေပြည်တော် တပ်ကုန်းမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဆုနှင်းပွဲနှင့် စာပေဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ ည ၇ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပသည်။

ဆောမြို့ အမှတ်(၁)မူလွန်ကျောင်း၌ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ

ဆော ဇန်နဝါရီ ၁၁

ဂန့်ဂေါခရိုင်၊ ဆောမြို့ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကျောင်းစာအပြင် ဘက်စုံထူးချွန်သော လူရည်ချွန်များထွက်ပေါ်လာစေရန် ရည်ရွယ်၍ ယမန်နေ့  နံနက်ပိုင်းက ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များက အားကစားနည်း ၁၂ မျိုးထဲမှ မိမိတို့ကျွမ်းကျင်ရာ၊ ကြိုက်နှစ်သက်ရာ အားကစားနည်းများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ဆုရရှိသူများအား ဇန်နဝါရီ ၁၇ ရက်နေ့ ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာထူးထံမှ သိရသည်။

ခရိုင်အဆင့် ကျေးရွာစည်းလုံညီညွတ်မှု စံပြဆုအပ်နှင်းပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ယင်းမာပင် ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ် ဘန့်ဘွေးအုပ်စု ကံစုကျေးရွာတွင် ခရိုင်အဆင့် ကျေးရွာစည်းလုံးညီညွတ်မှု စံပြဆုအပ်နှင်းပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၁၁) နာရီက အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးစာပေပွဲတော် (ကန့်ဘလူ)၏ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်

ကန့်ဘလူ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပလျက်ရှိသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်တွင် ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲနှင့်အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲကကျင်းပသည်။

Subscribe to