မူဆယ်ခရိုင်အတွင်း တာဝန်ထမ်းဆောင်ကြသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်မိသားစုများကို ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်
မူဆယ် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ချစ်စိန်က ဆန်၊ ဆီများထောက်ပံ့ပေးအပ်သည်။
“ယာဉ်ထိန်းတပ်ဖွဲ့ဝင်မိသားစုတွေ စည်းလုံးညီညာစွာ နေထိုင်ကြရန်နဲ့ မီးဖိုချောင်စရိတ်တွေကို တစ်ဖက်တစ်လမ်းနဲ့ အထောက်အကူဖြစ်စေရန်အတွက် ယခုလို ဆန်နဲ့ဆီတွေကို ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါတယ်”လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုတိယရဲမှူးချစ်စိန်က ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။