ငါန်းဇွန်မြို့နယ် ကုလကျေးရွာ အ.ထ.က(ခွဲ)၌ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိ ပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ

ငါန်းဇွန်   ဇန်နဝါရီ   ၁၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကုလကျေးရွာအုပ်စု ကုလကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး၊ စာဖတ်သည့်အလေ့အထ၊ အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင် ပြပွဲနှင့် အသိပညာပေးဆွေနွေးဟောပြောပွဲ ကျင်းပသည်။

ရှေးဦးစွာ ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုနိုင်က အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၆၃) ဦးတို့အား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ တွေ့ကြုံလာပါက လိုက်နာ ဆောင်ရွက်ရမည့် အချက်အလက်များကို လည်းကောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင် ရှင်းလင်း ဆွေးနွေး ပြောကြားသည်။ ထို့နောက် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု တားဆီးရေး၊ သဘာဝဘေးအန္တရာယ်နှင့် ကလေးသူငယ်အလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် တိုင်းရင်းသားဘာသာစာပေ ရုပ်ပြပုံပြင် စာအုပ်များကို ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့် တာဝန်ခံကျောင်းအုပ် ဆရာဦးဝေဇင်ဖြိုးနှင့် ဆရာဆရာမများက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရ သည်။                                                        

ဦးသက်နောင်ဦး