ကွန်ဟိန်းမြို့၌ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ယနေ့ နံနက်(၇)နာရီအချိန်က ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်ရှိလာသည့် မော်တော်ယာဉ်များတွင် မြို့နယ်အတွင်း နေထိုင်သူများပါရှိခြင်းရှိ/မရှိနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရောဂါကူးစက်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအပြင် လူစုလူဝေးရှိသည့်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်နှင့် သတ်မှတ်စောင့်ကြည့်ကာလ (၁၄)ရက်ကို အသွားအလာကန့်သတ်ပြီး အိမ်၌သီးခြားနေထိုင်ရန် ပညာပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။