မိုင်းဖြတ်မြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်

မိုင်းဖြတ် ၊ မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ ညနေ ၃ နာရီက  နမ့်ယွန်းကျေးရွာအုပ်စု၊ မက်မွန်ကျယ်(အောက်) ကျေးရွာတွင် တောမီးမှတဆင့် လူနေအိမ် (၁၈) လုံး မီးလောင်မှုဖြစ်ပွားခဲ့သော အိမ်ထောင်စု (၁၈) စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ​အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမဲခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒံယေလှ၊ ရပ်ကျေးစာရေး ဦးရွှေဘတို့နှင့်အတူ မက်မွန်ကျယ်(အောက်)ကျေးရွာ၌ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၈) စုမှ သွပ်မိုး၊ ပျဉ်ကာ နေအိမ် (၁၀) လုံးအတွက် တစ်အိမ်လျှင် (၂) သိန်းနှုန်းဖြင့် ကျပ်သိန်း (၂၀) ကိုလည်းကောင်း၊ သက်ကယ်မိုး ဝါးထရံကာ (၈ )လုံးအတွက် တစ်အိမ်လျှင် ကျပ် (၁) သိန်းနှုန်းဖြင့် ကျပ် (၈) သိန်းကိုလည်းကောင်း ပေးအပ်ခဲ့သည်။

 ဆက်လက်၍ မိသားစု အသုံးအဆာင်ပစ္စည်း (၂၂) မျိုးပါ ကယ်ဆယ်ရေးပစ္စည် (၁၈) ပုံးကိုလည်းကောင်း ၊ မီးဘေးသင့်မိသားစုဝင် (၉၈)ဦးအတွက် ဆန်းရိက္ခာဖိုး (၇)ရက်စာအတွက် (၂၀၅၈၀၀)ကျပ်ကိုလည်းကောင်း ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေး အပ်ခဲ့သည်။  ထို့နောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒံယေလှက ဟင်းချိုးမှုန့် အိတ်ကြီး တစ်အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ က တောမီး၏မီးပွားမှတဆင့် နေအိမ်ပေါ်သို့ကျရောက်ကာ မီးလောင်မှုဖြစ်ပွားရာမှ နေအိမ် (၁၈) လုံး မီလောင်းမှုဖြစ်ပွားသောကြောင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ် ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)