သီပေါမြို့မစျေး၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးရန်နေရာ (၄)ခုထားရှိ

သီပေါ မတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေးကြီး၌ စျေးသူ၊ စျေးသားများနှင့် စျေးဝယ်သူများအား လက်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန် အတွက် လက်ဆေးဘေစင်များ ထားရှိခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ဆေးဘေစင်များ ထားရှိခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စည်နှင့် ဝန်ထမ်းများ၊ စျေးအကျိုးတော်ဆောင်အဖွဲ့တို့၏ စုပေါင်းလှူဒါန်းငွေဖြင့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ရေးအတွက် လူအဝင်အထွက်များသော စျေးဝင်ပေါက် (၄)နေရာတွင် လက်ဆေးရန် ဘေစင်(၄)ခုအား လိုက်လံတပ်ဆင်ပေးပြီး စျေးသူ၊ စျေးသားများနှင့် စျေးဝယ်သူများအား လက်ဆေး ဘေစင်များတွင် လက်ကိုစင်ကြယ်စွာ ဆေးကြောနိုင်ရန် လက်ဆေး ဆပ်ပြာရည်များ၊ Hand Gel များကို ထားရှိပေးကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)