သာပေါင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့(World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ

သာပေါင်း အောက်တိုဘာ   ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူး ရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းများကို စက်တင်ဘာလ ၂၇ ရက်နေ့၊နံနက် ၉ နာရီအချိန်က ကွင်းကောက် ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါက်တာကျော်လင်းမှ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day)  အကြောင်း၊ခွေးရူးရောဂါကူးစက် ခံရနိုင်သည့် အ‌ကြောင်းရင်းများ၊ခွေးရူးရောဂါကူးစက်ခံရမှုနှင့် အိမ်မွေးတိရိစ္ဆာန်များ၏ အန္တရာယ်၊ လူတွင်ဖြစ် ပေါ်နေသည့် ခွေးရူးပြန်လက္ခဏာတို့ကို ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်