ပျော်ဘွယ် အောက်တိုဘာ ၁
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို အောက်တိုဘာလ (၁)ရက်နံနက် (၈) နာရီခွဲက ရှမ်းပွဲရပ်ကွက်ရှိ ပျော်ဘွယ်ဘိုးဘွားရိပ်သာတွင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ကြီးပုဂ္ဂိုလ်ကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဝင်းက နိုင်ငံတော်အနေဖြင့် သက်ကြီးပုဂ္ဂိုလ်များအား လစဉ်ထောက်ပေးနေမှု အခြေအနေများနှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်သက်ကြီးပုဂ္ဂိုလ် ကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် သက်ကြီးပုဂ္ဂိုလ်ကော်မတီအဖွဲ့ဝင်များက အဘိုး၊ အဘွား(၂၈)ဦးတို့အား ဆန်၊ ဆေးဝါး၊ လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)