(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ပွင့်ဖြူမြို့၌ ကျင်းပ
ပွင့်ဖြူ ဇန်နဝါရီ ၄
၂၀၂၀ ပြည့်နှစ် ၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံ၌ ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများက နိုင်ငံတော်အလံအား တက်ရောက်အလေးပြုခဲ့ကြသည်။