မြိုင်မြို့၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

မြိုင်  ဇန်နဝါရီ   ၄

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းကြီး၊ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းတွင် ကျင်းပခဲ့သည်။

ယနေ့ နံနက် ၄ နာရီ မိနစ်၂၀ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် (၇၂) မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းတို့ကို  မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ကြက်တောင်နှင့် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး မြို့နယ် ပြန်/ဆက် ဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေတီအာ(IPRD)