ဟင်္သာတမြို့၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လက်သမားရပ်ကွက် ဦးအောင်လှလမ်းတွင် ယမန်နေ့ည ၈ နာရီ မိနစ် ၄၀ ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

သီးနှံများ အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးမှဦးစီးကျင်းပသော သီးနှံများ အရည်အသွေး နှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ခရိုင်စိုက်ပျိုးရေးရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ သင်တန်းဖွင့်ပွဲ ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် “ယခုလို သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံတောင်သူများအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသွားမည့် သင်ခန်းစာများအား စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုကြောင်း၊ မိမိလေ့လာမှတ်သားရသမျှကို မိမိဒေသရှိ စိုက်ပျိုးသီးနှံများအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်စနစ် မှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တောင်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းမှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေးဒရဲမြို့နယ်တွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၆၉၂၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အဋ္ဌမတန်းနှင့် စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၉၂၄ဦး ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြိတ်မြို့တွင် အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို အမှိုက်‌ခြောက် ခွဲခြားစွန့်ပစ်သည့် အလေ့အထများရရှိရေး တွေ့ဆုံဆွေးနွေး

ခရီးသွားလာမှုများပြီး လူနေထူထပ်သည့် မြိတ်မြို့၌ အမှိုက်များကို စနစ်တကျ အမှိုက်စို အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သည့် အလေ့အထများရရှိရေး ရည်ရွယ်ချက်ဖြင့် စားသောက်ဆိုင်များတွင် အမှိုက်စို အမှိုက်ခြောက် ခွဲခြားပစ်ရန် အမှိုက်ပုံးသတ်မှတ်ချက်များ ထားရှိရန် စည်ပင်သာယာရေး ကော်မတီ ရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီက စည်ပင်သာယာရေးကော်မတီနှင့် စားသောက်ဆိုင်ပိုင်ရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မင်းသုဝဏ် ဖောင်ဒေးရှင်းမှ ဖိုးကြာဇံခန်းမ (Community Centre)တွင် အခမဲ့အခြေခံ ကွန်ပျူတာ သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မင်းသုဝဏ်ဖောင်ဒေးရှင်းမှ အခမဲ့ အခြေခံ ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့မနက်(၉)နာရီက ထန်းတောကျေးရွာ မြို့ဦးထိပ်ရှိ ဖိုးကြာဇံခန်းမ (Community Centre)တွင်ကျင်းပခဲ့သည်။

ရွှေဘိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ကိုယ်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအား ကျပ်သိန်း(၅၀၀)ကျော် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ကျပ်သိန်း(၅၁၇၉၃၀၀)ကျပ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေဘိုမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။

မိုးညှင်းမြို့ စည်ပင်သာယာဈေးအတွင်း (FDA)မှ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် အစားသောက်များအား စစ်ဆေး

ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ မိုးညှင်းမြို့ စည်ပင်သာယာ ဈေးအတွင်း ရောင်းချနေသော အစားအသောက်များတွင် တားမြစ်ဓာတုဆေးဝါးများနှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်မှုမရှိစေရေးအတွက် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

အဝတ်လျှော်ဆပ်ပြာရည်နှင့် လက်ဆေးဆပ်ပြာထုတ်လုပ်နည်းသင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင် အဝတ် လျှော်ဆပ်ပြာရည်နှင့် လက်ဆေးဆပ်ပြာထုတ်လုပ်နည်းကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆေးဝါးဥပဒေနှင့် ဆေးဝါးရောင်းချမှုဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်း ပညာပေးဆွေးနွေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဆေးဝါးဥပဒေနှင့် ဆေးဝါးရောင်းချမှုဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်း ပညာပေးဆွေး​နွေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုဘိုင်းဖုန်း အပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာမှတ်တမ်း သတင်းပို့ခြင်း မွမ်းမံသင်တန်းဖွင့်လှစ်

Save The Children အဖွဲ့မှ စီစဉ်ကျင်းပသည့် မိုဘိုင်းဖုန်းအပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာ မှတ်တမ်းသတင်းပေးပို့ခြင်း မွမ်းမံသင်တန်းကို မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။
Subscribe to