မြောက်ဥက္ကလာပ ဇန်နဝါရီ ၄
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဂုဏ်ပြုရဲတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ နိုင်ငံတော်အလံအား လွှင့်တင်ပြီး တတ်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အားကစားသမားများ၊ NGO အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။