တန့်ယန်းမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

တန့်ယန်း အောက်တိုဘာ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသဝဏ်လွှာအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်က ဖတ်ကြားသည်။

ယင်းနောက် ထူးချွန်ဆုရရဲတပ်ဖွဲ့ဝင်များ၊ ပူးပေါင်းကူညီဆောင်ရွက်ပေးကြသူများနှင့် အငြိမ်းစား ရဲမှုထမ်းဟောင်းများ၊ နေအိမ်လိုင်းခန်းဆု၊ စိုက်ပျိုးရေးဆု ရရှိကြသည့် မိသားစုများအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူ အသီးသီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။                  

မင်းလွင်ဦး(တန့်ယန်း)