လွိုင်ကော် အောက်တိုဘာ ၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ရာ ကယားပြည်နယ်လွိုင်ကော်မြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်ဌေးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှုခဲ့ကြသည်။
ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မဲဆန္ဒရှင်များမှ ဆန္ဒမဲပေးနိုင်ရန် ပုံစံများတောင်းခံလျှောက်ထားလာပါက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား မှာကြားခဲ့သည်။ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို အောက်တိုဘာ ၁၃ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ရာ စက်တင်ဘာ ၁ ရက်အထိ မဲဆန္ဒရှင်ပြည်သူ ၁၇၉၀ က မဲစာရင်းများ လာရောက်ကြည့်ရှုကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)