ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲဆက်လက်ကျင်းပ

ရန်ကုန် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်း အနားကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင်ဆက်လက်ကျင်းပရာ ပွဲတော်လာပြည်သူလူထုအနေနှင့် စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာဖြင့်အထူးစည်ကားလျက်ရှိသည်။

ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူ များကပြပွဲအတွင်းလာရောက်ကြသည့်ပြည်သူများအား စတုဒီသာကျွေးမွေးရေးအတွက် ချက်ပြုတ်နေသည့် လုပ်ငန်းခွင်သို့သွားရောက် စစ်ဆေးပြီး ဈေးဆိုင်ခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို အောက်တိုဘာ၄ရက်မှ ၇ရက်အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁ဝ) နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာ အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း ၆၂၀ ခန်းကျော် ခင်းကျင်းရောင်းချ လျက်ရှိပြီး ပွဲတော်ရက်များအတွင်း MSMEနည်းပညာဆိုင်ရာ Talk Show များကျင်းပခြင်း အလှူရှင်များက နေ့စဉ်စတုဒီတာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့်ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များကဖျော်ဖြေတင်ဆက်လျက်ရှိကြောင်းသိရသည်။

ထို ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ် ဆောင် ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)