( ၇၂ ) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနား ပြင်ဦးလွင်မြို့၌ ကျင်းပ
ပြင်ဦးလွင် ဇန်နဝါရီ ၄
၂၀၂၀ ပြည့်နှစ် ၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ လာရလမ်း၊ လွတ်လပ်ရေး ကျောက်တိုင် ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။