(၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ပိတ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်သော (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီး ပိတ်ပွဲအခမ်းအနားကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အုတ်ဖိုမြို့တွင် မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁၂နာရီ ၃၀အချိန်က အိမ်တိုင်ရာ‌‌ရောက် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ အမွေဆက်ခံလုပ်ကိုင်သည့်မျိုးဆက်သစ်ပညာရှင်မရှိသဖြင့် ပျောက်ကွယ်လာဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ အင်တိုင်းကျေးရွာ၊ ကြာပိုင်ကျေးရွာနှင့်ပုရစ်ကုန်းကျေးရွာတို့တွင် အစဉ်အဆက်လုပ်ကိုင်လာသော မြန်မာ့ရိုးရာပန်းဆယ်မျိုးဖြင့်လုပ်ကိုင်သည့် ပန်းပွတ်နှင့် ပန်းတဉ်းလက်မှုပညာရပ်များကို မျိုးဆက်သစ်အမွေဆက်ခံလုပ်ကိုင်သည့် ပညာရှင်များ နည်းပါးလာ သဖြင့် ရေရှည်တွင် ၎င်းပညာရပ်များ ပျောက်ကွယ်သွားနိုင်ကြောင်း လက်ရှိပန်းပွတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်လျက်ရှိသော ကြာပိုင်ကျေးရွာမှ ပန်းပွတ်ပညာရှင် ဦးစံမောင်၏ ပြောကြားချက်အရ သိရသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြည်သူကြားနာပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီတို့ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ ပြည်သူကြားနားပွဲကို ယနေ့နံနက် ၉ နာရီ အချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

မိတ္ထီလာခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်၂ဝ၈၃၁ ဦး ဆက်လက် ဖြေဆို

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင် ၊ ဝမ်းတွင်း ၊ သာစည် မြို့နယ်များ၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုပွဲကို ယနေ့ နံနက်၉ နာရီ အချိန်က ကျင်းပရာ ကျောင်းသူ/သား စုစုပေါင်း ၂ဝ၈၃၁ ဦး ဆက်လက်ဖြေဆိုကြောင်း သိရသည်။

ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ပည်းကျောက်စာသင်တန်း (၁/၂၀၂၀) ဖွင့်လှစ် သင်ကြား

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေးမြင့်မားတိုးတက်စေရန်အတွက် မတ် ၁၁ ရက်နေ့မှစတင်ပြီး မတ်လ ၂၆ ရက်နေ့အထိ ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ပည်းကျောက်စာသင်တန်း (၁/၂၀၂၀)သင်တန်းကို ပုဂံဌာနခွဲတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း အစီအစဉ် အခမ်းအနား ရိခေါ်ဒါရ်၌ ပြုလုပ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တိုင်းရင်း သားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ် အခမ်း အနားကို  ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်သည်။

ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၁၀)ခုတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် ပျက်ကွက်သူမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကော့ကရိတ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့မစျေးကြီးရှေ့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to