လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း(၁/၂၀၂၀)ဖွင့်လှစ်

မိုင်းရယ်    ဇန်နဝါရီ     ၆

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ် မီးသတ်စခန်း ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးမှူးဦးဝေဖြိုးလွင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ပန်းတနော်မြို့၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

ပန်းတနော် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၀) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။

လက်ပံတန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းကောင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

လက်ပံတန်း ဇန်နဝါရီ  ၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းကောင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂ ရက်နေ့မှ ၁၅ရက်နေ့ အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ကော်မတီဝင်များက မြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ရပ်ကွက်(၂) ရပ်ကွက်ကို စာရင်းကောက်ယူရေး အဖွဲ့(၂) ဖွဲ့မှ အဖွဲ့ဝင်(၇)ဦးဖြင့် ဇန်နဝါရီလ  ၂ရက် နေ့မှ စတင် ကောက်ယူလျက်ရှိသည်။

မိုးညှင်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

မိုးညှင်း ဇန်နဝါရီ ၆

မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များဖြစ်ပွားလျှင် အချိန်နှင့်တစ်ပြေးညီ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် မိုးညှင်းမြို့ စိမ်းလဲ့ရတနာ ခန်းမ၌ ဖွင့်ပွဲကျင်းပရာ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံစစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို စာတွေ့လက်တွေ့ ပို့ချသင်ကြား သွားမည်ဖြစ်သည်။

မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၌ ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲ ကျင်းပ

စေတုတ္တရာ    ဇန်နဝါရီ    

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ တိရစ္ဆာန်ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

ပခုက္ကူတက္ကသိုလ်၊ (၁၇)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်များ ပူးပေါင်းကျင်းပ

ပခုက္ကူ  ဇန်နဝါရီ ၅

ပခုက္ကူတက္ကသိုလ်၊ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်(နေ့သင်တန်း)များ ပူးပေါင်း၍ ဇန်နဝါရီလ ၃ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ  ပခုက္ကူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက် ရှိကြောင်း သိရသည်။

လပွတ္တာမြို့ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

လပွတ္တာ ဇန်နဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော လပွတ္တာမြို့ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု များကို  ဆောင်ရွက်လျက်ရှိသည်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

မံစီ    ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းကြီးကြပ်ရေးကော်မတီအဖွဲ့တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြုလုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ်  ဇန်နဝါရီ    ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပညာရေးကို ထိရောက်သော သင်ကြားမှုနှင့်သင်ယူမှုရှိစေရန်  ရည်ရွယ်၍ ကျောင်းအခြေပြုလုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

Subscribe to