မိုင်းယောင်း၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှာ့ချရေး တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ် ထိန်းချုပ် နိုင်ရေး အသိပညာပေး ကွင်းဆင်းဟောပြော
မိုင်းယောင်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ သည် ကျေးလက်နေပြည်သူများအား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှာ့ချရေး တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ပိုင်းက ယမ်းမွန်း ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။