မိုးမောက်မြို့မ စျေးအတွင်းရှိ စားသောက်ဆိုင်/စျေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) ကွင်းဆင်း စစ်ဆေး
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေးဦးစီးဌာန(FDA) မှ ပြည်နယ် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မိုးမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီတွင် စစ်ဆေးခဲ့သည်။