ပူတာအို၌ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ပူတာအို ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော (၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကောင်ကထောင်ရပ်ကွက်ရှိ Putao ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အာဃာပေရဝမ် လူငယ်ဘောလုံးအသင်းနှင့် လီဆူ(ဒုတ္ထန်)လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လီဆူ(ဒုတ္ထန်)အသင်းက အနိုင်ရခဲ့သည်။